fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

စပျစ်ခိုင်ဆဲလ်သေရောဂါ(Bunch Stem Necrosis)ကို ကာကွယ်ခြင်း

စပျစ်ခိုင်ဆဲလ်သေရောဂါကို အမျိုးမျိုးသောနာမည်များဖြင့် သိကြသည်။ ၎င်းသည်ပန်းပွင့်ချိန် သို့မဟုတ်

အသီးမှည့်ချိန်၌ ဖြစ်နိုင်ပြီး တစ်ခါတစ်ရံ ရာသီနှောင်းပိုင်းတွင်လည်း ဖြစ်တတ်ပါတယ်။ သီးနှံအာဟာရပြည့်ပြည့်ဝဝထည့်ပေးခြင်းက စပျစ်ခိုင်ဆဲလ်သေရောဂါအပေါ်လွှမ်းမိုးနိုင်သော အရေးပါသည့်အချက် တချက်ပဲဖြစ်ပါတယ်။

 

 

စပျစ် သီးနှံအာဟာရနှင့် စပျစ်ခိုင်ဆဲလ်သေရောဂါ

 

နိုက်ထရိုဂျင် (N)

 

နိုက်ထရိုဂျင်အလွန်များပြားခြင်းသည် .အပင်ကြီးထွားမှုကို အလွန်မြန်ဆန်စေခြင်းက အဓိကအညွှန့်ဖူးဆဲလ်သေရောဂါကို ပြန်လည်ဖြစ်စေပြီး စပျစ်အထွက်ကိုထိခိုက်စေပါတယ်။ နိုက်ထရိုဂျင်အလွန်အကျွံသုံးစွဲခြင်းသည် ဇီဝကမ္မကစဉ်ကလျားဖြစ်ခြင်း၊ စပျစ်ခိုင်ဆဲလ်သေရောဂါဖြစ်ခြင်းတို့နှင့် ဆက်နွယ်လျက်ရှိပါတယ်။

 

မဂ္ဂနီဆီယမ် (Mg)

 

မဂ္ဂနီဆီယမ်နှင့်စပျစ်ခိုင်ဆဲလ်သေရောဂါ

 

မဂ္ဂနီဆီယမ်ချို့တဲ့ခြင်းသည် စပျစ်ခိုင်ဆဲလ်သေရောဂါနှင့် ဆက်စပ်မှုရှိတယ်။ ထိုရောဂါသည်စပျစ် အသီးတင်ခြင်းနှင့် အသီးမှည့်ခြင်းအပေါ် သက်ရောက်မှုရှိပါတယ်။ ၂-၃ မဂ္ဂနီဆီယမ်အရွက်ဖျန်းဆေးကို မှည့်ချိန်မတိုင်မီ ပက်ဖျန်းပေးပါက ထိုပြဿနာကိုလျှော့ချပေးနိုင်ပါတယ်။ စပျစ်ခိုင်ဆဲလ်သေရောဂါသည် မဂ္ဂနီဆီယမ်နှင့်အတူ ပိုတက်ဆီယမ်နှင့် နိုက်ထရိုဂျင်မညီမျှခြင်းနှင့်လည်း ချိတ်ဆက်လျက်ရှိတယ်။

အထူးသဖြင့် အေးသောရာသီတွင် စပျစ်သီးများ ကြီးထွားခြင်းကြောင့် အစာသိုလှောင်သော အင်္ဂါများအတွင်းနှင့် စားစပျစ်သီး အချိုဓာတ်ပါဝင်မှု နည်းပါးခြင်းသည်  နိုက်ထရိုဂျင် စုစည်းခြင်းကိုဦးတည်စေခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုတေသနအကြံပြုထားတယ်။ ဤအခြေအနေတွင် မဂ္ဂနီစီယမ်ပက်ဖျန်းခြင်းက စပျစ်ခိုင်ဆဲလ်သေရောဂါ ဖြစ်ပေါ််််မှုကို လျှော့ချစေရန်ကူညီပေးနိုင်ပါတယ်။

ထိုနည်းအတိုင်း မဂ္ဂနီဆီယမ်အရွက်ဖျန်းဆေးသည်လည်း စပျစ်ခိုင်ဆဲလ်သေရောဂါဖြစ်ခြင်းမှ ကာကွယ်၍ ပိုတက်ဆီယမ်မြောက်များစွာ စားသုံးမှုကြောင့် ဖြစ်ပေါ်သော မညီမျှခြင်းကို မှန်ကန်စေရန်ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။ ရွက်ဖျန်းအားဆေးသည် ကူညီဆောင်ရွက်နိုင်သော်လည်း ရေရှည်မဂ္ဂနီဆီယမ်ချို့တဲ့ခြင်းကို ကာကွယ်ရန် မြေဆီလွှာအတွင်းထည့်သွင်းခြင်းအားဖြင့်သာ မှန်ကန်အောင်ပြုလုပ်ခြင်း (သို့မဟုတ်) ရေနှင့်မဂ္ဂနီဆီယမ်ပေါင်းသွင်းထားသော မြေသြဇာကိုစံသတ်မှတ်ချက်အတိုင်းပြုပြင်ထိန်းသိမ်းသည့် အစီအစဉ်အလိုက်ထည့်သွင်းသင့်ပါတယ်။

 

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅